heading image

Frequently asked questions

Questions you might ask about our product and services.

A: App ကို ဝင်လိုက်ပါခင်ဗျာ။ Forgotten Password ဆိုတာရှိပါတယ်ခင်ဗျာ။ အဲဒီကလမ်းညွန်ထားတဲ့အတိုင်း လိုက်လုပ်ပေးရင် အဆင်ပြေပါပြီခင်ဗျာ။
Forgot Password အတွက် လုပ်ဆောင်ရန်အဆင့်များ။

  • အဆင့် (၁) မိမိအကောင့်ဖွင့်စဉ်က အသုံးပြုခဲ့သော ဖုန်းနံပါတ်ကိုရိုက်ထည့်ပါ။
  • အဆင့် (၂) ထိုဖုန်းနံပါတ်သို့ Reset Password (SMS) ရောက်လာပါမည်။
  • အဆင့် (၃) Login Page သို့သွားပြီး ဖုန်းနံပါတ်နှင့် Reset Password Code ကိုရိုက်ထည့်ပါ။
  • မှတ်ချက် - Password ကိုပြောင်းလို့ပါက App->Menu အောက်ရှိ-> Change Password တွင်ပြောင်းလို့ရပါသည်။

    A: ဟုတ်ကဲ့၊ လက်ရှိမှာတော့ ဖုန်းထဲမှ SFUx application နှင့်အသုံးပြုနေသည်ဆိုပါက menu အောက်မှာ change password ဆိုတာလေးထဲဝင်ပြီးတော့ change လုပ်လို့ရပါတယ်။

    A: မိမိဝယ်ယူလိုတဲ့ Textbook ကို SFUx ရုံးချုပ်သို့ဖုန်းကြိုတင်ဆက်သွယ်ပြီး Stock ရှိပါက ဝယ်ယူနိုင်ပါတယ်။ Stock မရှိပါက ၂ပတ်ခန့် စောင့်ပေးရမည်ဖြစ်သည်။ ဆက်သွယ်ရန်- 09400088050~54

    A: Website ကနေပြီးတော့လေ့လာမယ်ဆိုရင်တော့ sfux.strategyfirst.edu.mm ကို မိမိအသုံးပြုနေတဲ့ Browser တစ်ခုခုထဲကိုဝင်ပြီးတော့ လေ့လာလို့ရပါတယ်။

    A: လစဉ်လတိုင်း Batch အသစ်ကိုဖွင့်လှစ်ပါတယ်။

    A: Certificate Hardcopy လိုချင်တယ်ဆိုရင်တော့ တစ်ဘာသာကို (၅၀၀၀) ကျပ်ပေးသွင်းပြီးတော့ ယူနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်းနံပါတ်- 09894991040 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

    A: SFUx Student Card ရရှိရန်အတွက် Menu အောက်မှာ Student ID ဆိုတာလေးရှိပါတယ်ခင်ဗျ။ ထို့နောက် Edit ကိုနှိပ်ပြီးတော့ လိုအပ်တဲ့အချက်အလက်များကိုဖြည့်စွက်ပြီး Digital Student Card ကို Generate လုပ်နိုင်ပါတယ်။

    A: SFUx Learn Application (သို့) sfux.strategyfirst.edu.mm ကို browser ထဲကနေဝင်ပြီးတော့ လေ့လာလို့ရပါတယ်။

    A: Join လို့မရတဲ့ ဖြစ်စဉ်လေးကို ss လေးရိုက်ပြီးတော့ SFUx Page Messenger မှာပို့ထားလို့ရပါတယ်။ Admin များကစစ်ဆေးပြီးတော့ အတန်းဂရုလင့်ကိုပြန်ပေးပါလိမ့်မယ်။

    A: အင်တာနက်လိုင်းအခက်အခဲကြောင့် Video Can’t Play ဆိုပြီးတော့ပေါ်နိုင်ပါတယ်ခင်ဗျ။ VPN ခံပြီးတော့အသုံးပြုပါက ပိတ်ပြီးတော့ပြန်ကြည့်ပေးပါ။

    A: Feedback Survey လေးကို ဖြေပေးပြီးရင် Video များထပ်မံပွင့်လာပါလိမ့်မယ်။ (ရံဖန်ရံခါ Website တွင် ဖြေဆိုမရနိုင်ပါက SFUx Mobile application မှ ဖြေပေးပါ)

    A: Strategy First University ဘက်မှ Student ID လေးရှိပါက ထည့်သွင်းပေးလို့ရပါတယ်။ မရှိပါက ( - ) ခံထားခဲ့နိုင်ပါတယ်။

    A: Sign up လုပ်တဲ့အဆင့်ဖြစ်တာကြောင့်မို့လို့ Password ကို မိမိကြိုက်နှစ်သက်ရာ ထားရှိနိုင်ပါတယ်။

    A: တက်ချင်တဲ့အတန်းကို ဖုန်းထဲမှာရှာတာမတွေ့ပါက တက်ရောက်လိုတဲ့အတန်းကို Category ထဲက All Courses ထဲမှာရှာနိုင်ပါတယ်ခင်ဗျ။ ရံဖန်ရံခါ Add to cart >> Check out လုပ်ထားပြီးသွားရင်လည်း ရှာမတွေ့နိုင်တာမျိုးဖြစ်တက်ပါတယ်။ ကျောင်း Hotline ဖုန်းနံပါတ်ဖြစ်တဲ့ 09400088050~54 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    A: Check out လုပ်ထားပြီးသွားတဲ့အဆင့်ရောက်သွားတာမို့လို့ Pending ဆိုပြီးပေါ်နေတာပါဖြစ်ပါတယ်။ သင်တန်းကြေးပေးသွင်းဖို့ကျန်ပါက ငွေလွှဲ Screenshot နဲ့အတူ SFUx Page Messenger သို့ပေးပို့ထားပြီးတော့ ကျောင်းဘက်ကိုအကြောင်းကြားနိုင်ပါတယ်။

    A: My courses ထဲက သင်ခန်းစာများလေ့လာရန် ခလုပ်အောက်နားမှာ သင့်အတန်း Facebook Group, SFUx Community Café, SFUx Career Opportunities ဆိုပြီးတော့ အတန်း Group တွေရှိပါတယ်> Join ထားပေးရပါမယ်။

    A: KBZ Pay, Wave Pay, AYA Bank, CB Bank, AGD Bank, Yoma Bank mobile banking များဖြင့် သင်တန်းကြေးကို သွင်းလို့ရပါတယ်။ သင်တန်းကြေးပေးသွင်းရတာအခက်အခဲတစ်စုံတစ်ရာရှိပါက ဖုန်းနံပါတ်- 09762462252, 09400088050~54 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

    A: SFU Diploma in Entrepreneurship and Management အတန်းကိုအပ်နှံထားပြီးပါက SFUx Certificate in Soft Skills for Leaders, SFUx Certificate in YSX- Understanding Capital Market, SFUx Certificate in Business Essentials and Employability Skills အတန်း (၃) တန်းကို အခမဲ့အနေနဲ့ လေ့လာနိုင်ပါတယ်။ Check out လုပ်ထားပြီးတော့ကျောင်းဘက်ကို ဆက်သွယ်အကြောင်းကြားပေးပါ။

    A: Strategy First University မှ Student Data တွေကို Strategy First University Extension- SFUx ထဲ input မထည့်သွင်းရသေးလို့ပါခင်ဗျ။ SFUx Page Messenger မှာ ပို့ထားပေးပြီး Referral Discount ရယူနိုင်ပါတယ်။

    A: သင်တန်းကြေးလေးကိုပေးသွင်းပြီးပါက Hotline phone နံပါတ်- 09400088050~54 ကို ဆက်သွယ်အကြောင်းကြားပေးရပါမယ်။ အကယ်၍ ရုံးဆင်းချိန်လေးဖြစ်နေပါက SFUx Page Messenger မှာငွေလွှဲ ss လေးကိုပြန်ပို့ပေးပြီးတော့ ကျောင်းဘက်ကိုအကြောင်းကြားထားနိုင်ပါတယ်။

    A: သင်တန်းကြေး မပေးသွင်းရသေးပါက ပေးသွင်းပြီးတော့ ငွေလွှဲ Screenshot နှင့် SFUx Account ဖွင့်ထားတဲ့ဖုန်းနံပါတ်ကို SFUx Page Messenger သို့ပို့ထားပြီးတော့ အကြောင်းကြားထားပေးရပါမယ်။

    A: SFUx Page Messenger (သို့) ဖုန်းနံပါတ်- 09400088050~54 ကိုဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။ ကျောင်းဘက်ကနေစစ်ဆေးပြီးတော့ သက်တမ်းလေးတိုးပေးပါမယ်။

    A: သက်ဆိုင်ရာအတန်း Group (သို့) SFUx Page Messenger (သို့) Hotline phone- 09400088050~54 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျောင်းဘက်ကနေပြီးတော့ Email လေးပြန်ပို့ပေးပါမယ်။

    A: အတန်းဝယ်ယူပြီးသွားပါက Certificate အတန်းဆိုရင် (၁) နှစ်၊ Diploma အတန်းဆိုလို့ရှိရင် (၂) နှစ် သက်တမ်းရှိပါတယ်။ သက်တမ်းကုန်ဆုံးသွားပါက သင်ခန်းစာ video များလည်းပိတ်သွားမှာပါဖြစ်ပါတယ်။ Certificate အတန်းဆိုလျှင် (၁၀,၀၀၀) ကျပ်နှင့် Diploma တန်းဆိုလျှင် (၃၀,၀၀၀) ကျပ်ပေးသွင်းကာ သက်တမ်းတစ်နှစ်တိုးနိုင်ပါတယ်။